မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော် ၁၈ ပါး
ပါဠိတော်
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော
အပ္ပဋိဟတံ ဉာဏံ၊ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။
၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗံ ကာယကမ္မံ
ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ ၀စီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ မနောကမ္မံ
ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ။
၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊
နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊
နတ္ထိ ၀ိမုတ္တိယာ ဟာနိ။
၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ။ နတ္ထိ
ရ၀ါ၊ နတ္ထိ အမ္ဖုဋံ၊ နတ္ထိ ဝေဂါရိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနပေက္ခာ။ ဣမေဟိ
အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ
တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိအတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ
ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ တံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ
ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ
နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံဓာရဏံ အမိတံ
အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။
၇။ ဣမ္မံ အာနန္ဒ ဓရဏပရိတ္တံ ဓာရေဟိ ၀ါရေဟိ ပရိပုစ္ဆာဟိ၊ တဿ ကာယေ
၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊ အဂိၢ န ဍေဟယ်၊ နာနာဘယ၀ိကော၊ နဧကာဟာရကော၊ နဒွိဟာရကော၊
နတိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။
၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ
မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံခေါ ပနာနန္ဒ
ဓာရဏ ပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ ဘာသိတံ၊ ၀တ္တေ အ၀တ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ
အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ
မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။
၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀ န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ
ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ၊ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ
ဟောတု သဗ္ဗဒါ။
ဓာရဏပရိတ္တံ နိဋ္ဌိတံ။
…………………………………………….
ဓာရဏပရိတ် နဿယ
၁။ ဗုဒ္ဓါနံ - မြတ်စွာဘာရားတို့၏၊ ဇီဝိတဿ - အသက်တော်၏၊ အန္တရာယော
- ဘေးအန္တရာယ်ကို၊ ကေနစိ - တစ်စုံတစ်ယောက်သော သူသည်၊ ကာတုံ - ပြုခြင်းငှာ၊ နသက္ကာ -
မတတ်နိုင်၊ တထာ - ထို့အတူ၊ မေ - တပည့်တော်အား၊ ဟောတု - ဖြစ်ပါစေသတည်း။
၂။ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ
- မြတ်စွာဘုရားအား၊ အတီတံသေ - လွန်လေပြီးသောအတိတ်အဖို့၌၊ အပ္ပဋိဟတံဉာဏံ - အဆီးအတား
အပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော -
ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ အနာဂတံသေ -
နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အ,ပ္ပဋိဟတံ ဉာဏံ - အဆီးအတားအပိတ်အပင်မရှိသော
ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊
ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပစ္စုပ္ပန္နံသေ - ပစ္စုပ္ပန် မျက်မှောက်ဖြစ်သောအဖို့၌၊
အပ္ပဋိဟတံ ဉာဏံ - အဆီးအတားအပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏။
၃။ တီဟိ - သုံးပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ -
ဤဂုဏ်ကျေးဇူးတရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော -
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ -
အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ -
ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်။
ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြုအပ်သော အမှုသည်၊
ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့
အစဉ်လိုက်သည်၊ ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့်
ပြီးသောအမှုသည်၊ ဉာဏ ပုဗ္ဗင်္ဂမံ - ဉာဏ်တော် ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ -
ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်၊ ဟောတိ - ဖြစ်၏။
၎။ ဆဟိ - ခြောက်ပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ -
ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော -
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဆန္ဒဿ -
သတ္တ၀ါတို့၏အကျိုး စီးပွားကို ပြုလိုသော ဆန္ဒတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ -
မရှိ၊ ဓမ္မဒေသနာယ - တရားတော်ကို ဟောပြောခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ -
မရှိ၊ ၀ီရိယဿ - သူတပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း၌ လုံ့လ၀ီရိယတော်၏၊
ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ၀ိပဿနာယ - သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော
လက္ခဏာသုံးပါးဖြင့်ရှုမှု ၀ိပဿနာ ဉာဏ်တော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊
သမာဓိဿ - စိတ်တည်ကြည်မှု သမာဓိတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊
ဝိမုတ္တိယာ - အရဟတ္တဖိုလ်ကို ၀င်စားတော်မူခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ -
မရှိ။
၅။ ဒွါဒသဟိ - တစ်ဆယ်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ -
ဤဂုဏ်ကျေးဇူးတော် တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော -
ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဒ၀ါ -
ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည်၊ နတ္ထိ - မရှိ၊ ရ၀ါ - သတိလွတ်၍
ချွတ်ယွင်းပြုမူပြောဆိုခြင်း သည်၊ နတ္ထိ - မရှိ၊ အဖုဋံ - ဉာဏ်တော်ဖြင့် မတွေ့ မထိ
မသိအပ်သော တရားသည်၊ နတ္ထိ - မရှိ၊ ဝေဂါယိတတ္တံ - ဉာဏ်ဖြင့် မဆင်မခြင်
အဆောတလျင်ပြုသောအမှု သည်၊ နတ္ထိ - မရှိ၊ အဗျာဝဋမနော - သူတစ်ပါးတို့အတွက်
ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည်၊ နတ္ထိ - မရှိ၊ အပ္ပဋိသင်္ခါနုပေက္ခာ -
ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်၊ နတ္ထိ - မရှိ။
အဋ္ဌာရသဟိ - တစ်ဆယ့်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ - ဤကျေးဇူး
တရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော -
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ နမော -
ရှိခိုးပါ၏၊ သတ္တန္နံ - ခုနှစ်ဆူကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနံ - ၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊
ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမတည်းဟူသော မြတ်စွာဘုရားရှင်တို့အား၊ နမော -
ရှိခိုးပါ၏။
၆။ တထာဂတဿ - ၀ိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့
လာခြင်းကောင်းတော်မူ သော မြတ်စွာဘုရားအား၊ ကာယဒုစ္စရိတံ - ကိုယ်ဖြင့်ပြုအပ်သော
မကောင်းမှု ကာယဒုစရိုက်သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ - မြတ်စွာဘုရားအား၊ ၀စီဒုစ္စရိတံ -
နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘၀စီဒုစရိုက်’ သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ -
မြတ်စွာဘုရားအား၊ မနောဒုစ္စရိတံ - စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘မနောဒုစ္စရိုက်’
သည်၊ နတ္ထိ - မရှိ၊ အတီတံသေ - လွန်လေပြီးသော အတိတ်အဖို့၌၊ ဘဂ၀တော -
ဘုန်တော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင်
ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ အနာဂတံသေ - နောင်လာလတ္တံသော အနာဂတ်အဖို့၌၊
ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ -
ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ပစ္စုပ္ပန္နံသေ - မျက်မှောက်သော
အဖို့ကာလ၌၊ ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ -
ဆီးတားပိတ်ပင် ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊
သဗ္ဗံ - အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ -
ဉာဏ်တော်လျှင်ရှေ့ သွားမရှိခြင်းသည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊
နာနုပရိဝတ္တံ - အစဉ်မလိုက် ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ -
အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြောအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ -
ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊
နာနုပရိဝတ္တံ - အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ -
အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ -
ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊
နာနုပရိဝတ္တံ - အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဣမံဓာရဏံ - ဤအဆောင်သည်၊ ၀ါ -
ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည်၊ အမိတံ - မနှိုင်းယှဉ်အပ်၊ အသမံ -
တူမျှခြင်းလည်းမရှိ၊ သဗ္ဗသတ္တာနံ - ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏၊ တာဏံ -
မှီခိုကိုးကွယ်ရာလည်း ဖြစ်၏၊ လေဏံ - ပုန်းအောင်းလဲလျောင်းရာလည်းဖြစ်၏၊ သံသာရဘယဘီတာနံ
- သံသရာဘေးကို ကြောက်ရွံ့သော သူတို့၏၊ အဂ္ဂံ - အလွန်မြတ်သော၊ ပရိတ္တံ -
အရံအတားဖြစ်၏၊ မဟာတေဇံ - ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော၊ ပရိတ္တံ -
အရံအတားဖြစ်၏။
၇။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ဣမံ - ဓာရဏပရိတ္တံ - ဤသို့
တန်ခိုးရှိန်စော်အာနုဘော် ကြီးမြတ်သော ဓာရဏပရိတ်တော်ကို၊ ဓာရေဟိ - ရွတ်ဆောင်လော့၊
ဝါရေဟိ - မှတ် သားလော့၊ ပရိပုစ္ဆာဟိ - မေးမြန်းစူးစမ်း ဆင်ခြင်လော့၊ တဿ - ထိုသို့
ရွတ်ဆောင်၊ မှတ်သား၊ မေးမြန်း၊ စူးစမ်းဆင်ခြင်သောသူ၏၊ ကာယေ - ကိုယ်၌၊ ၀ိသံ - မြွေ
နဂါး စသည်တို့၏အဆိပ်သည်၊ နကမေယျ - မကျရောက်ရာ၊ ဥဒကေ - ရေ၌၊ နလဂ္ဂေယျ -
မငြိတွယ်မနစ်မွန်းရာ၊ အဂ္ဂိ - မီးသည်၊ နဍဟေယျ - မလောင်ကျွမ်းရာ၊ နာနာဘယ ၀ိကော -
အထူးထူးအပြားပြားများပြားစွာသော ဘေးရန်တို့သည် မထိမရောက်နိုင် ရာ၊ နဧကာဟာရကော -
တစ်စုံတစ်ယောက်သောသူမျှ တစ်ရက်မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ၊ န ဒွိဟာရကော -
နှစ်ရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န တိဟာရကော -
လေးရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န ဥမ္မတ္တကံ - ရူးသွပ်ပျံ့လွင့်သော
အနာလည်းမဖြစ်နိုင်ရာ၊ န မူဠကံ - တွေဝေမိုက်မဲ သော အနာလည်း မဖြစ်နိုင်ရာ၊ မနုေဿဟိ -
လူတို့သည် လည်းကောင်း၊ အမနုေဿဟိ - ဘီလူးတို့သည် လည်းကောင်း၊ နဟိံသကာ - မညှင်းဆဲ
မဖျက်ဆီး မနှိပ်စက်နိုင်ရာ။
၈။ တံ ဓာရဏပရိတ္တံ - ထိုဓာရဏပရိတ်တော်သည်၊ ယထာကတာမေ - အဘယ်နည်း
ဟူမူကား၊ ဇာလော - စကြ၀ဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏
အရှိန်အစော်ကဲ့သို့ ဘေးရန်အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်း ပယ်ဖျောက်နိုင်သည့်
တန်ခိုးရှိန်စော် အာနုဘော်ရှိတော်မူ၏၊ မဟာဇာလော - နတ်၊ သိကြား၊ နဂါး၊ ဂဠုန်၊
ကုမ္ဘာဏ်၊ ဘီလူး၊ ရက္ခိုက် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နှင့်တူသော
ဘုန်းတန်ခိုးရှိန်စော် အာနုဘော် ရှိတော်မူ၏၊ ဇာလိတ္တေ - ရေ၊ မီး၊ မင်း၊ ခိုးသူ၊
မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း
ပယ်ရှားတားမြစ်တော်မူနိုင်၏၊ မဟာဇာလိတ္တေ - ရောဂန္တရကပ်၊ သတ္တန္တရကပ်၊
ဒုဗ္ဘိက္ခန္တရကပ်ဟုဆိုအပ်သော ကပ်သုံးပါးတို့မှ လွတ်မြောက်နိုင်ရာ၏၊ ပုဂ္ဂေ -
အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေသော်လည်း အ ခြင်း၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရူးသွပ်၊
ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်ရာ၏၊ မဟာပုဂ္ဂေ - သစ်ပင်၊ တောင်ကမ်း၊
ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ၊ သမ္ပတ္တေ - မရသေးသော စည်းစိမ်ချမ်းသာ
ရတနာဥစ္စာအပေါင်းတို့ကိုလည်း ရစေနိုင်ရာ၏၊ မဟာသမ္ပတ္တေ - ရပြီးသော စည်းစိမ်ချမ်းသာ
ရတနာဥစ္စာအပေါင်းတို့ကိုလည်း ကြီးကျယ်ပြန့်ပွား များနိုင်ရာ၏၊ ဘူတင်္ဂမှိ -
ဟုတ်မှိန်သောအားဖြင့်၊ တမင်္ဂလံ - အမိုက်ပျောက်၍ အလင်းရောက်နိုင်တော်မူ၏။
အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ -
ဤဓာရဏပရိတ်တော်ကို၊ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ - ခုနှစ်ဆယ့် ခုနှစ်ကုဋေကုန်သော
ဘုရားရှင်တို့သည်၊ ဘာသိတံ - ကောင်းစွာဟောတော်မူအပ်ပြီ၊ ၀တ္တေ
-ကောင်းသောအကျိုးနှင့်ယှဉ်၏၊ အ ၀တ္တေ - မကောင်းသောအကျိုးနှင့်မယှဉ်၊ ဂန္ဓဝေ -
ကောင်းသောတရားအရသာ အနံ့မျိုးကိုဆောင်၏၊ အ ဂန္ဓဝေ - မကောင်းသော တရားအရသာ
အနံ့မျိုးကိုမဆောင်၊ နောမေ - ကောင်းသော စိတ်နှလုံးကိုဆောင်၏၊ အ နောမေ - မကောင်းသော
စိတ်နှလုံးကို မဆောင်၊ သေဝေ - သူတော်ကောင်းတို့ နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရသည်
ဖြစ်၏၊ အ သေဝေ - သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖော်မယှဉ်တွဲ မမှီဝဲရသည်
ဖြစ်၏၊ ကာယေ - ကောင်းသောကိုယ်ကို ဖြစ်စေ၏၊ အ ကာယေ - မကောင်းသောကိုယ်ကို မဖြစ်စေရာ၊
ဓာရဏေ - ကောင်းသော ကုသိုလ် အမှုကို ပြုဆောင်ရာ၏၊ အ ဓာရဏေ - မကောင်းသော
အကုသိုလ်အမှုကို မပြုဆောင်ရာ၊ ဣလ္လိ - ကောင်းသောအိပ်မက်ကို မြင်မက်ရာ၏၊ မိလ္လိ -
မကောင်းသော အိပ်မက်ကို မမြင်မက်ရာ၊ တိလ္လိ - ကောင်းသော အတိတ်နိမိတ်ကို မြင်ရ၏၊
မိလ္လိ - မကောင်းသော အတိတ်နိမိတ်ကို မမြင်ရ၊ ယောရုက္ခေ - သေပြီးသော သစ်ပင်တို့ကို
ရှင်စေနိုင်၏၊ မဟာ ယောရုက္ခေ - ရှင်ပြီးသော သစ်ပင်တို့ကိုလည်း အကိုင်းအခက်
အရွက်အလက်တို့နှင့် ပြည့်စုံစေနိုင် ၏၊ ဘူတင်္ဂမှိ - ဟုတ်မှန်သောအားဖြင့်၊ တမင်္ဂလံ -
အမိုက်ပျောက်၍ အလင်းရောက် နိုင်၏၊
၉။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ -
ဤဓာရဏပရိတ် တော်ကို၊ န၀န၀ုတိယာ သမ္မာ သမ္ဗုဒ္ဓ ကောဋီဟိ - ကိုးဆယ့်ကိုးကုဋေကုန်သော
ဘုရားရှင်တို့သည်၊ ဘာသိတံ - ဟောတော်မူအပ်ပြီ၊ ဒိဋ္ဌိလာ - မကောင်းသဖြင့်
ကြံသောသူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏၊ ဒဏ္ဍိလာ - ဓား၊ လှံ၊ လက်နက်၊ လေး၊
မြား၊ မီးပေါက်၊ အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်၊ မန္တိလာ - မန္တန်
မန္တရား ဂါထာ အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏၊ ရောဂိလာ -
ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်နိုင်၏၊ ခရလာ - ကြမ်းတမ်းခက်မာသော
အနာရောဂါမျိုးတို့သည်လည်း မထိမရောက်နိုင်၊ ဒုဗ္ဘိလာ - ကြိုး၊ ထိပ်၊ သံခြေကျင်း၊
အချုပ်အနှောင်၊ ထောင်သွင်း အကျဉ်းချထားခြင်းတို့မှလည်း လွတ်စေနိုင်၏၊
ဧတေန သစ္စ၀ဇ္ဇေန - ဤသို့မှန်သော သစ္စာစကား ကြောင့်၊ သဗ္ဗဒါ -
အခါခပ်သိမ်း၊ (မေ - တပည့်တော်အား)၊ တေ - သင့်အား၊ (အမှာကံ - တပည့်တော့်တို့အား)
(တုမှာကံ - သင်တို့အား)၊ သောတ္ထိ - ချမ်းသာခြင်း သည်၊ ဟောတု - ဖြစ်ပါစေသတည်း။
ဓာရဏပရိတ် နဿယပြီး၏။
ဝီရဓမ္မ ဆိုဒ်မှ ကူးယူဖော်ပြပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
ဘားအံသား(စုစည်းမှု့)
No comments:
Post a Comment